Bodhi Bank

ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား


အိုဘယ့်လူသား---

လူ့ဘဝကာ သုခဟူရာ မြူမပါဘဲ

ပူဗျာလွန်ကဲ ငါငါစွဲလျှက်

အလွဲပြုလုပ် တွင်းပြင်ရှုပ်၍

အရှုပ်တဏှာ ရှင်းကြောင်းမှာကား

ကျင့်ရာယောဂီ ကျင့်ရာသီလ

တျင့်တည်သမာဓိ ဝိပဿနာဖြည့်၍

အရှိသစ္စာ မြင်သောခါဝယ်

တဏှာအရှုပ် ဉာဏ်ရှင်းထုတ်သော်

အရှုပ်လည်းရှင်း ဉာဏ်မြင်ကွင်းမှာ

ဝဋ်ကင်းချမ်းသာ သန္တိမဟာတည်း။

ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား

လောကအလိုက် လောဘစရိုက်နှင့် 

အကြိုက်ပျော်ပါး ငမိုက်သား

သင်ကားခုခါ ကင်းရတနာနှင့်

ဆရာမိဘ သတိမရပဲ

မောဟအမိုက် လောဘစရိုက်နှင့်

စိတ်ကြိုက်ပျော်ပါး သင်အမှားကား

လူသားငရဲ ပူလောင်မဆဲမို့

အမြဲနေရာ သင့်ဂေဟာသည်

လေးဖြာဒုဂ္ဂတိ လွတ်ကြောင်းမရှိတည်း။

သင်ကားသတိ မိုက်မှန်းသိလျက်

သတိနှင့်ပြင် အသိနှင့်ယှဉ်သော်

ခုလျင်မကြာ သူတော်သာမို့

သင်သာအဓိက ပဏ္ဍိတတည်း။

ဝါတစ်ခါ       ကျွတ်ပါရ

ငါမကျွတ်      ရသေးလျှင်

သံသာဘေး   လှည့်လည်လို့ပြေး

မအေးတဲ့      ဒုက္ခပင်

ခုသိလျှင်      ခုရှု

အေးငြိမ်းမှု    နိဗ္ဗာန်ဝင်။

သာသနာပြု မဟာခရီးသည် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး၏ ဘဝဖြစ်စဉ် အကျဉ်း ( ဗုဒွေါရသ အရှင် ဣန္ဒာစရိယ)

ရှင်အရဟံဗောဓိ ရွှေညောင်တော် သွားရောက်ဖူးမေ ျှာ်ခြင်း

နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော မဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒာစရိယ(ဗောဓိရိပ်ငြိမ်ဆရာတော်ကြီး)အား ဂုဏ်ပြုပူဇော်ပွဲ

Pages