Bodhi Bank

"အရှုပ်ထဲမှာရှင်းအောင်နေ"


အိုဘယ့်လူသား---

လူ့ဘဝကာ သုခဟူရာ မြူမပါဘဲ

ပူဗျာလွန်ကဲ ငါငါစွဲလျှက်

အလွဲပြုလုပ် တွင်းပြင်ရှုပ်၍

အရှုပ်တဏှာ ရှင်းကြောင်းမှာကား

ကျင့်ရာယောဂီ ကျင့်ရာသီလ

တျင့်တည်သမာဓိ ဝိပဿနာဖြည့်၍

အရှိသစ္စာ မြင်သောခါဝယ်

တဏှာအရှုပ် ဉာဏ်ရှင်းထုတ်သော်

အရှုပ်လည်းရှင်း ဉာဏ်မြင်ကွင်းမှာ

ဝဋ်ကင်းချမ်းသာ သန္တိမဟာတည်း။