Bodhi Bank

ငမိုက်သားသို့


လောကအလိုက် လောဘစရိုက်နှင့် 

အကြိုက်ပျော်ပါး ငမိုက်သား

သင်ကားခုခါ ကင်းရတနာနှင့်

ဆရာမိဘ သတိမရပဲ

မောဟအမိုက် လောဘစရိုက်နှင့်

စိတ်ကြိုက်ပျော်ပါး သင်အမှားကား

လူသားငရဲ ပူလောင်မဆဲမို့

အမြဲနေရာ သင့်ဂေဟာသည်

လေးဖြာဒုဂ္ဂတိ လွတ်ကြောင်းမရှိတည်း။

သင်ကားသတိ မိုက်မှန်းသိလျက်

သတိနှင့်ပြင် အသိနှင့်ယှဉ်သော်

ခုလျင်မကြာ သူတော်သာမို့

သင်သာအဓိက ပဏ္ဍိတတည်း။