Bodhi Bank
Published on Bodhi Bank (http://bodhibank.com)

Home > ကံပွင့်ဉာဏ်ပွင့်ကုသိုလ်ပြုရာတွင်လှူဒါန်းခဲ့ကြသော အလှူရှင်စာရင်း

ကံပွင့်ဉာဏ်ပွင့်ကုသိုလ်ပြုရာတွင်လှူဒါန်းခဲ့ကြသော အလှူရှင်စာရင်း

ခင်ပွန်းကြီး(၁၀)ပါးတောင်းပန်ကန်တော့ခြင်း၊

စုပေါင်းတရားဘာဝနာပွားများခြင်းစသည့်ကံပွင့်၊ဉာဏ်ပွင့်ကုသိုလ်ပြုမှု အစီအစဉ် စတင်ခဲ့တာ ယနေ့ (၃)လပြည့်ခဲ့ပြီးဖြစ်ပါတယ်။

စတင်ခဲ့သောနေ့၌ လူ(၂၀)ခန့်သာရှိ၍ တပတ်ထက်တပတ်လာရောက်ကုသိုလ်ပြုသူများပြားလာ၍ ယခုဆို ဘုရားရင်ပြင်တော်အပြည့် အပတ်တိုင်း လူ(၅၀၀)ခန့်ကုသိုလ်ပြုလျှက်ရှိပါတယ်။
တရားလာရောက်အားထုတ်သူများအား စေတနာရှင်များမှ မိမိတို့တတ်နိုင်သော ငွေပမာဏနှင့် သဒ္ဒါတရားအပေါ်မူတည်၍ အာဟာရဒါနများ ဆက်သွယ်လှူဒါန်းခဲ့ကြပါတယ်။ 
(အလှူရှင်များအနေဖြင့် မွေးနေ့၊နေ့ထူးနေ့မြတ်များ၌ ကြိုတင်၍ ဆက်သွယ်လှူဒါန်းထားကြပြီး ထပ်မံလှူဒါန်းချင်သူများအနေဖြင့် ဖုန်း-09403736008 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။)
တရားလာရောက်အားထုတ်ကြသော တရားကျင့်ဖော်များ၏ စိတ်ခံစားမှုများ၊ စိတ်အေးချမ်းမှုများ၊ အခက်ခဲများတို့ကို ဝေမျှရေးသားပေးကြပါ။
အလှူရှင်များ ချမ်းသာခြင်းအပေါင်းနှင့်ပြည့်စုံကြပါစေ။
မေတ္တာဖြင့်
အောင်ဘိုဘို

Source URL: http://bodhibank.com/%E1%80%80%E1%80%B6%E1%80%95%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%89%E1%80%AC%E1%80%8F%E1%80%BA%E1%80%95%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AF%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%9B%E1%80%AC%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%9C%E1%80%BE%E1%80%B0%E1%80%92%E1%80%AB%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%80%E1%80%BC%E1%80%9E%E1%80%B1%E1%80%AC-%E1%80%A1%E1%80%9C%E1%80%BE%E1%80%B0%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%BA%E1%80%B8