Bodhi Bank

(၁၉.၂.၂၀၁၉)ရက် တပို့တွဲလပြည့်နေ့ နံနက်ခင်း အလှူ။


(၁၉.၂.၂၀၁၉)ရက် တပို့တွဲလပြည့်နေ့ နံနက်(၅:၁၅)၌ ဗောဓိရိပ်ငြိမ်ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာ (၆၄) ပါးမှ ရွှေနန်းသွင်းစေတီတော်အား (၂၄) ကြိမ်မြောက် ဗုဒ္ဓအဘိသေက အနေကဇာတင်လှူခြင်း၊ သစ်သီး(၉)မျိုးပါ ဆွမ်းသပိတ် (၆၄)လုံး ကပ်လှူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း နှင့် ကြွရောက်လာသော ဧည့်ပရိသတ်များအား မနက်စာ တည်ခင်းဧည့်ခံ ကျွေးမွေးခြင်း အစရှိသော ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ပါသည်။

ကုသိုလ်များ၌ ပါဝင်ခဲ့ကြသူအပေါင်း ဝမ်းမြောက်ကြ၍
 ဘေးအန္တရယ်ကင်းရှင်းကြပါစေ။
ပြုလုပ်ခဲ့သော ကုသိုလ်အပေါင်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။