ဆရာတော်ဘုရားကြီးသည် လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်၌ ၃နှစ် သီတင်းသုံးကာ တရားဘာဝနာများအားထုတ်တော်မှုခဲ့သောနေရာဖြစ်ပါသည်။ (၇၇)နှစ်မြောက် မွေးနေ့အလှူအား ဗောဓိရိပ်ငြိမ်ဆရာတော်ကြီးစီစဉ်မိန့်ကြားမှုဖြင့် လပြည့်ညတွင် ဆီမီး၊ပန်းများလှူဒါန်း၍ ပရိတ်၊ပဌာန်း၊ဓမ္မစြင်္ကာတရားတော်များရွတ်ဖတ်ကာ မေတ္တာပိုသ၍ ကောင်းမှုကုသိုလ်ပြုခဲ့ကြပါတယ်။ (အလှူရှင် ဦးကိုကိုလွင်၊ဦးဝင်းခန့်၊ဦးနိုင်ဆွေဦး၊ဦးမြင့်ထွေးတို့မိသားစုများဖြစ်ပါတယ်) အထူးအစီအစဉ်အဖြစ် ည ၁၂နာရီမှ ၁နာရီ အထိဆရာတော်ဘုရားကြီး ကျေးဇူးကိုတရားဖြင့် ဆပ်ချင် ကြသူ တပည့်ဒါယကာ၊ဒါယကာမများ စုပေါင်း (၁၂၀) ခန့်သည် ဆရာတော် သီတင်းသုံးခဲ့သော ဓမ္မမဏ္ဏိုင် ကျောင်းဆောင်ပေါ်၌ တရားဘာဝနာများပွားများ ခဲ့ကြပါသည်။ ဆရာတော်ဘုရားကြီး သက်တော်ရာကျော်ရှည်ပါစေ။