Bodhi Bank

တရားစခန်းအချိန်စာရင်းများ


သြင်္ကန်တွင်းတရားစခန်းပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်ခြင်း

ဗောဓိရိပ်ငြိမ်တောရကျောင်းတိုက်တွင်း၌ သြင်္ကန်တွင်းတရားစခန်းပွဲကို တန်ခူးလဆန်း ၈ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ 12. 4. 2019 (သောကြာနေ့) မှ 17. 4. 2019 (ဗုဒ္ဓဟူးနေ့) အထိ။

ဆရာတော်။ ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား

Start Time :

Start Date: 04/12/2019

End Date: Wed, 04/17/2019

နေရာ။ ဗောဓိရိပ်ငြိမ်တောရကျောင်းတိုက်

၁၅ ရက် ဝိပဿနာအလုပ်ပေးတရားစခန်း (တပို့တွဲလဆန်း ၁ ရက်မှ လပြည့်နေ့အထိ)

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ရာဇဌာနီလမ်း လက်လုပ်တောင်တော ရတွင် တည်ထားကိုးကွယ်တော်မူသည့် ရှေးဟောင်းသမိုင်းဝင် ရွှေနန်းသွင်းစေတီတော်မြတ်ကြီး ၌ တစ်နှစ်လျှင် နှစ်ကြိမ် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ဩဝါဒနှင့်အညီ ဆရာတော်ကြီး၏ မွေးနေ့ တွင် တရားဖြင့် ကျေးဇူးဆပ်ခြင်းအစီအစဉ်အဖြစ် ၁၅ ရက် ဝိပဿနာအလုပ်ပေးတရားစခန်းနှင့် (တပို့တွဲလဆန်း ၁ ရက်မှ လပြည့်နေ့အထိ) ၁၅ ရက် ဝိပဿနာအလုပ်ပေး တရားစခန်းများကို ဗောဓိရိပ်ငြိမ်တောရဆရာတော်က ဖွင့်လျက်ရှိသည်။ ယခုဖွင့်လှစ်ဆဲ ဖေဖော်ဝါရီ ၅ ရက်မှ ၁၉ ရက်အထိ ၁၅ ရက် အလုပ်ပေးတရားစခန်းသည် (၂၃) ကြိမ်မြောက် ရှိပြီ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အရာထမ်း၊ အမှုထမ်းများနှင့် ဒါယိကာ ဒါယိကာမများအတွက် အချိန်ပိုင်းတရားစခန်းများကို လည်း အခါအားလျော်စွာ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရ သည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် တရားစခန်းပိတ်သိမ်းပွဲ၌ ပင့်သံဃာတော် ၆၄ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းနှင့် (၂၄)ကြိမ်မြောက် ထမနဲထိုးပွဲကို ကျင်းပမည့်အပြင် ရွှေနန်းသွင်းစေတီတော်ကိုလည်း ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်း မင်္ဂလာကို နံနက် ၅ နာရီ ၁၅ မိနစ်၌ လည်း ကောင်း၊ ဆီမီး ၁၀၀၀ ပူဇော်ခြင်းနှင့် ခင်ပွန်းကြီး ၁၀ ပါး တောင်းပန်ကန်တော့ခြင်းကို ည ၇ နာရီတွင် လည်းကောင်း ပြုလုပ်မည်ဖြစ်သဖြင့် မည်သူမဆို ပါဝင်ကုသိုလ်ယူနိုင် ကြောင်း သိရသည်။

ဆရာတော်။ ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား

Start Time :

Start Date: 02/05/2019

End Date: Tue, 02/19/2019

နေရာ။ ရှေးဟောင်းသမိုင်းဝင် ရွှေနန်းသွင်းစေတီတော်မြတ်ကြီး

မွေးနေ့ (၉) ရက် တရားစခန်းပွဲ

မဟာကမ္မဌာနစရိယဘွဲ့တံဆိပ်တော်ရ ကျေးဇူးရှင်ဗောဓိရိပ်ငြိမ်တောရဆရာတော် သက်တော် (၅၅) နှစ်မြောက်မွေးနေ့ (၉) ရက် တရားစခန်းပွဲ

ဆရာတော်။ ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား

Start Time : 7:00 am

End Time: 9:00 pm

Start Date: 12/22/2018

End Date: Sun, 12/30/2018

နေရာ။ ဗောဓိရိပ်ငြိမ်တောရ၊ မှော်ဘီမြို့။

အချိန်ပိုင်းတရားစခန်း

မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး၏ သက်တော် (၇၇) အထိမ်းအမှတ် အနေဖြင့် နေပြည်တော် လက်လုပ်တောင် တောရ ခေါင်နန်းဓမ္မာရုံတွင် ပြုလုပ်ကျင်းပမည့် ဝိပသနာ ပူဇော်ပွဲတွင် ဗောဓိရိပ်ငြိမ်ဆရာတော် မှ မေတ္တာရှေ့ထား ကျေးဇူးပြုကျင်းပမည့် တရားပွဲ / တရားစခန်း

ဆရာတော်။ ဗောဓိရိပ်ငြိမ်ဆရာတော်ဘုရား

Start Time : 6:00 am

End Time: 9:00 pm

Start Date: 10/31/2018

End Date: Fri, 11/02/2018

နေရာ။ နေပြည်တော် လက်လုပ်တောင် တောရ ခေါင်နန်းဓမ္မာရုံ