Bodhi Bank

ဗောဓိရိပ်ငြိမ်တောရဆရာတော် ကိုးရွာသပြေကုန်းကျေးရွာသို့ ဆွမ်းခံကြွချီမှုမှတ်တမ်း


ယနေ့နံနက် (9-8-19) ရက်နေ့မနက် (07:10) မှစ၍ ဗောဓိရိပ်ငြိမ်တောရဆရာတော် ကိုးရွာ သပြေကုန်း ကျေးရွာသို့ ဆွမ်းခံကြွတော်မူခြင်း။
လက်လုပ်တောင်တောရ တွင် (2-8-19) ရက်နေ့မှ (11-8-19) ရက်နေ့ အထိ မဟာဗောဓိမြိုင်ဆရာတော် ဘုရား၏ သက်တော် (78) နှစ်ပြည့် အထိမ်းအမှတ် ဝိဇာတမင်္ဂလာအား တရားဖြင့်ကျေးဇူးဆပ်ပူဇော်ခြင်း ဝိပဿနာ ( ၁၀ ) ရက် တရားစခန်း ဖွင့်လှစ်လျှက် ရှိသည်။
မနက်ဖြန် (10-8-19) နံနက် (7:00) ချိန် ကန်လှ( ကံလှ ) ကျေးရွာသို့ ဒုတိယနေ့ ဆွမ်းခံ ထပ်မံ ကြွချီပါမည့် အကြောင်း ဆွမ်းလောင်းလှူလိုသည့် သူတော်ကောင်း အပေါင်းအား နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်တင်ပြအပ်ပါသည်။
ဗောဓိဟိတကာရီသာသနာပြုအဖွဲ့( နေပြည်တော် )