Bodhi Bank

ဂေါစဂမ်ကျေးရွာများသို့ ၉ ရက်တိုင်တိုင် ဆွမ်းခံကြွတော်မူခဲ့သည့် မှတ်တမ်း


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ (၇၈)နှစ်မြောက် ဝိဇာတမွေးနေ့ ကို တရားနှင့်ပူဇော်သောအားဖြင့် ရွှေနန်းသွင်းလက်လုပ်တောင်တောရတွင် ဘဒ္ဒန္တဣန္ဒာစရိယ (ဗုဒေါ္ဓရသ) မဟာကမ္မဋ္ဌာနာစရိယ အရှင်သူမြတ် ဦးစီးကျင်းပအပ်သော တရားစခန်းပွဲတွင် လက်လုပ်တောင်တောရ၏ ဂေါစဂမ်ကျေးရွာများသို့ ၉ ရက်တိုင်တိုင် ဆွမ်းခံကြွတော်မူခဲ့သည့် မှတ်တမ်း Video။ 
ဆရာတော်ဘုရား နှင့် သံဃာတော်များ ဆွမ်းခံကြွတော်မူစဉ် ဂေါစဂမ်ကျေးရွာမှ (၇)ရက် သားသမီးများ နှင့် ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေများ ၊ ဗောဓိဟိတကာရီသာသနာပြုအဖွဲ့မှ ဓမ္မမိတ်ဆွေများက သဒ္ဓါထက်သန်စွာဖြင့် ဆွမ်းလောင်းလှူခြင်းကုသိုလ်များကို ပြုလုပ်ခဲ့ကျပါသည်။
ဆွမ်းခံကြွတော်မူသည့် (၉)ရက်အတွင်း ဆွမ်းကုသိုလ်ပြု ဓမ္မမိတ်ဆွေအပေါင်းတို့ ဆရာတော်ဘုရားကြီးတို့၏ မေတ္တာဓာတ်ခံယူရရှိပြီး ကျန်းမာချမ်းသာစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကျပါစေ။
တရားထူး တရားမြတ်များကိုလဲ ကျင့်ကြံပွားများအားထုတ်ပြီး ရရှိခံစားနိုင်ကျပါစေ။
ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေသူတော်ကောင်းများလဲ ကြည့်ရှု့၍ ကြည်ညိုသဒ္ဓါပွားများနိုင်ပြီး သာဓု ခေါ်ဆိုနိုင်ပါစေရန် ရည်ရွယ်၍ မျှဝေခြင်းဖြစ်ပါသည်။